မုံရွာ မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် စိုက်ပျိုး၊ မွေးမြူရေးကြီးကြပ်မှုအဖွဲ့များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပြုလုပ်ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင် စိုက်ပျိုး၊ မွေးမြူရေး ကြီးကြပ်မှုအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စစ်ကိုင်းခရိုင်အတွင်း သီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများအား လည်းကောင်း၊ ခရိုင်မြေစာရင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စစ်ကိုင်းခရိုင်၏ မြေယာကိစ္စရပ်များအား လည်းကောင်း၊ ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ လျှပ်စစ်မြစ်ရေတင်စနစ် ဖြင့်စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများအား လည်းကောင်း၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)မှ စိုက်ပျိုးဧရိယာများသို့ ရေပေဝေနေမှု အခြေအမျေားအား လည်းကောင်း၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များ မွေးမြူထားရှိမှုနှင့် အသား/ဥ ထုတ်လုပ်မှုအခြေအနေများအား လည်းကောင်း၊ ခရိုင်ငါး လုပ်ငန်းဦးစီးဌာနမှ ငါးများ မွေးမြူထားရှိမှုနှင့် ငါးသားပေါက်ထုတ်လုပ်မှု အခြေအနေများ အားလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ခရိုင်အတွင်း စိုက်ပျိုး၊မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း အသီးသီးရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စစ်ကိုင်းခရိုင်အတွင်း စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအပေါ် ဖြည့်စွက်ဆွေးနွေး တင် ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းခရိုင်အတွင်းရှိ ပြည်သူများ စားရေရိက္ခာ ဖူလုံပြည့်ဝစေရေးအတွက် တာဝန်ရှိသူအားလုံးမှ အလေးထားဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ ရာသီအလိုက်စိုက်ပျိုးသည့် သီးထပ်သီးနှံအားလုံးကို ပန်းတိုင်အထွက် နှုန်းပြည့်မီကျော်လွန်အောင် ဒေသခံတောင်သူများနှင့် ပေါင်းစပ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)