ကလေး မေ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် ကွန်ပျုတာအခြေခံတန်း(၂/၂၀၂၅)ဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလေးခရိုင် ကွန်ပျူတာအခြေခံသင်တန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က သင်တန်းဖွင့်လှစ်ကျင်းပခြင်း၏ ရည်ရွယ်ချက်များ၊ ဆက်လစ်ဖွင့်လှစ်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် Microsoft word, Excel, PowerPoint, Photoshop စသည့်ဘာသာရပ်များကို မေလ ၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ နံနက် ၁၀ နာရီမှ ၁၂ နာရီအတွင်း သင်တန်းသား၊ သင်တန်းသူ ၁၀ ဦးကို လေ့ကျင့်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)