လပွတ္တာ မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် သစ်တောဦးစီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က သင်္ဃန်ကြီးကျေးရွာ၌ ကျင်းပခဲ့သည်။
မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းသည် ရာသီဥတုကောင်းမွန်မျှတရေး၊ သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းရန်၊ အပူချိန်လျှော့ချနိုင်ရေးနှင့် အပူဒဏ်ကာကွယ်နိုင်စေရန်၊ အရိပ်အာဝါသကောင်းမွန်စွာရရှိစေရန်၊ သစ်တောသစ်ပင်များ၏ တန်ဖိုးကိုသိရှိနားလည်နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဝင်းနိုင်နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူများက မန်ဂျန်ရှားပင်(၇၀၀)၊ မဟော်ဂနီပင်(၃၀၀)၊ စိန်ပန်းပင်(၁၅၀)၊ ကံ့ကော်ပင် (၁၅၀)၊ ကျွန်းပင်(၅၀)၊ ပျဉ်းကတိုး(၅၀)ပင်နှင့် ခရေ(၁၀၀)ပင် စုစုပေါင်း ပျိုးပင်ပေါင်း ( ၁၅၀၀) ပင်ကို လပွတ္တာ-သင်္ဃန်းကြီးသွားကားလမ်း မိုင်တိုင်အမှတ် ၃/၆ မိုင် မှ ၄/၂ မိုင်အထိ တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)