မုံရွာ မေ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မုံရွာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသောပြည်သူများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ကမ္ဘ့ာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို သိရှိစေရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများတွင် ပိုမိုပူးပေါင်းပါဝင်လာနိုင်စေရန်ရည်ရွယ်ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင်ကျရောက်မည့် (၅၂)ကြိမ်မြောက် ကမ္ဘ့ာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အကြိုအနေဖြင့် Ending Plastic Pollution ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေးခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မုံရွာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းအိအောင်က Ending Plastic Pollution ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး ခေါင်းစဥ်ဖြင့် တက်ရောက်လာကြသော ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၅၀)ဦးငလြ အား စာတွေ့လက်တွေ့ ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်း ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ "ကမ္ဘာတစ်ဝန်း ပလတ်စတစ် ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး" ခေါင်းစဉ်ဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဥ်းပြီး တာဝန်ရှိသူများ၏ မေးမြန်းမှုများကို ဖြေဆိုနိုင်ခဲ့သူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲအပြီးတွင် တက်ရောက်လာသူများအား တာဝန်ရှိသူများက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ဝေသော ကလေးအလုပ်သမားပပျောက်ရေး ဗိုင်းဝန်းကာကွယ် စောင့်ရှောက်ပေး ဇေယျာရွှေမြေ လက်ကမ်းစာစောင်နှင့် ၂၀၂၅ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ လက်ကမ်းစာစောင်များကို လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)