ပခုက္ကူ မေ ၂၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်းပြီး ကျယ်ကျယ်ပြန့်ပြန့်လေ့လာသိရှိပြီး လိုက်နာဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၊ မြေစိုက်နံရံကပ်ပြဘုတ်၌ အသိပညာပေးနံရံကပ်စာစောင်ပြသကြသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် လေပြင်းမုန်တိုင်း၊ ရေဘေး၊ ငလျင်ဘေး၊ မီးဘေး စသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဘေးအန္တရာယ်အမျိုးအစားအလိုက် ဖြစ်ပွားနေစဉ် လိုက်နာရမည့် ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ အပူဒဏ်အန္တရာယ် ကာကွယ်ရေးနည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနက အခါအားလျော်စွာ ထုတ်ပြန်ကြေညာထားမှုအပေါ် လိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်းတို့ကို စနစ်တကျပြသရာ ပြည်သူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)