မြို့သစ်မြို့နယ်တွင် မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးပွဲ ကျင်းပ

မြို့သစ် မေ ၂၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုမျှတကောင်းမွန်ရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအထောက်အကူပြု မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယနေ့ နံနက်ပိုင်းက မြို့သစ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တာဝန်ရှိသူများက စိုက်ပျိုးရန်ပျိုးပင်များကိုပေးအပ်ပြီး တက်ရောက်လာသူများက "ယင်းမာ(၆၀)ပင်၊ တပေဘူတ(၆၀)ပင်၊ ဗန်ဒါ(၆၀)ပင်၊ ရေတမာ(၆၀)ပင်၊ တမာ(၆၀)ပင်၊ စုစုပေါင်း ပျိုးပင်ပေါင်း (၃၀၀)ပင်ကို တစ်ပျော်တစ်ပါးစုပေါင်း စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ "မြို့သစ်မြို့နယ်၊ အမှတ် ( ၁၇) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)မှစက်ရုံမှူး၊ ဗိုလ်မှူးကြီးသိန်းလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)