ချောက်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ချောက် မေ ၂၇

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊  ချောက်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၈) နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြရိပ်ညိုခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ချောက်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်း​ဖြင့် သီဆိုဖွင့်လှစ်​ပေးခဲ့​သည်။ ထို့နောက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုး‌ဇော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်က ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောင်းသား/ကျောင်းသူများအား အခမဲ့ပုံနှိပ်များ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ ပေးအပ်ခဲ့ကြပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဗဟိုအဆင့်တွင်ဆုရရှိ‌သော လူရည်ချွန် မောင်မယ် (၇) ဦးတို့အား ဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။ 

ယင်းနောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်”၊‌ “Beautiful”၊ “ကျောင်းသွားကြမယ်” သီချင်းဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)