ခန္တီး မေ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ ၂၀၂၅ ခုနှစ် ဇွန်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် Grade-12 ကျောင်းသား/သူများအား ကျန်းမာရေးကောင်းမွန်စွာရာနှုန်းပြည့်ပြန်လည်ဖြေဆိုနိုင်ရေးအတွက် ခန္တီးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် (၁၀) နာရီအချိန်မှစ၍ အခြေခံပညာအထက်တန်းကျောင်း (ခန္တီး) ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးမကောင်းမွန်သည့် ကျောင်း/သူလေးများအား ဆေးစစ်ပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုး/ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများနှင့် ရာသီအကူးအပြောင်းမိုးတွင်းကာလတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှော၊ ရာသီတုပ်ကွေး၊ ငှက်ဖျားရောဂါများနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကမ်းကီး (ပြန်/ဆက်)