စလင်း မေ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်၊ ကျောင်းအပ်နှံခြင်းကို မေလ (၂၃) ရက်နေ့က စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၉၂၇၇) ဦး၊ ကျောင်းအပ်နှံပြီးစီး ပြီဖြစ်ကြောင်း သိရသည်။
ကျောင်းအပ်နှံခြင်းများကို အခမဲ့ပညာရေးစနစ်ဆိုင်ရာ ပံ့ပိုးမှုအစီအစဥ် လမ်းညွှန်ချက်များကို မိဘ၊ အုပ်ထိန်းသူများနှင့် ပြည်သူအားလုံးသိရှိနိုင်စေရန် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ထားရှိပြီး၊ အခြေခံပညာမူလတန်း (၁၂၄၉၆) ဦး၊ အလယ်တန်း (၄၇၅၅) ဦး၊ အထက်တန်း (၂၀၂၆) ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၁၉၂၇၇) ဦးတို့အား၊ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် အခြေခံပညာကျောင်း (၃၀၈) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၅) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၂) ကျောင်းရှိရာမှ၊ ကျောင်းဖွင့်လှစ်နိုင်သည့်ကျောင်းပေါင်း (၁၇၇) ကျောင်းသာ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ထားပြီး၊ အကြောင်းအမျိုးမျိုးကြောင့် မဖွင့်လှစ်နိုင်သည့်ကျောင်း (၁၃၁) ကျောင်းရှိကြောင်းဖြင့်၊ KG တန်းမှ၊ Grade-12 တန်းအထိ ကျောင်းသား၊ ကျောင်းသူများအား၊ ဇွန်လ(၁)ရက်နေ့အထိ၊ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
(မောင်လွင်)စလင်း