မင်းလှမြို့နယ်တွင် သစ်တောဦးစီးဌာနမှ၂၀၂၅ ခုနှစ် မိုးရာသီ၌ စိုက်ပျိုးရန် ပျိုးပင်ပေါင်း (၆၇၇၀၉) ပျိုးထောင်ထားရှိ

အထက်မင်းလှ မေ ၂၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးနှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်‌ရန် ၂၀၂၅ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန် ပျိုးပင်ပေါင်း (၆၇၇၀၉) ပျိုးထောင်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

မင်းလှမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၅ မိုးရာသီတွင် စိုက်ပျိုးရန် "ကျွန်း(၇၅၀၀) မြန်မာကုက္ကိုယ် (၃၀၀၀)၊ မယ်ဇလီ (၃၀၀၀)၊ ယူကလစ်(၃၀၀၀)၊ တပေဘူတ(၇၀၉)၊ တမာ (၁၅၀၀၀)၊ ရေတမာ(၅၅၀၀)၊ ဖျောက်ဆိပ်(၉၀၀၀)၊ မယ်ဇယ်(၁၁၀၀)၊ ခရေ(၃၅၀)၊ စန္နကူး(၃၅၀)၊ ပျဉ်ကတိုး (၁၂၀၀) ပိတောက်(၁၈၀၀၀)ပျိုး ထောင်ထားရှိရာ လူထုဖြန့်ပျိုးပင် (၃၀၂၀၉) နှင့် အထူးပျိုးပင်(၃၇၅၀၀) စုစုပေါင်းပျိုးပင် (၆၇၇၀၉) ပျိုးထောင်ထားလျက်ရှိသည်။

အဆိုပါပျိုးပင်များကို ဘုန်းတော်ကြီးကျောင်းများ၊ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာများမှ ပြည်သူများသို့ လူထုဖြန့်ဝေရန် (၃၀၂၀၉) ပင် အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ပြီး အထူးပျိုးပင် (၃၇၅၀၀) ပင်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)