မြို့သစ်မြို့နယ်၌ နွေသီးနှံအဖြစ် စိုက်ပျိုးထားသည့် နွေနှမ်းခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိ

မြို့သစ် မေ ၂၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေနှမ်းစိုက်ပျိုးရန် (၁၈၈၁)ဧကလျာထားခဲ့ပြီး နွေနှမ်းဧက(၄၀၉၂)ဧကအထိ ကျော်လွန်စိုက်ပျိုးနိုင်ကာ စိုက်ပျိုးထားသည့် နွေနှမ်းခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင်   တောင်သူများနွေနှမ်းစိုက်ပျိုးရာတွင် ရေရရှိရေးအတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့်  နတ်မောက်ဆည်ရေလှောင်တမံမှ (၁၂၆၇) ဧက၊ ပုလင်း ဆည်ရေလှောင်တမံမှ(၄၀)ဧက၊ စွန်ဆည်ရေလှောင်တမံမှ(၁၅၄၂)ဧက၊ ဆဒ္ဒန်ဆည်ရေလှောင်တမံမှ(၁၂၄၃)ဧက စုစုပေါင်း (၄၀၉၂)ဧကအထိ ရေပေးဝေနိုင်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် နွေနှမ်းစိုက်ပျိုးရာသီ၌ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ရေး၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေးနှင့်စိုက်ပျိုးသည့် နည်းစနစ်မှန်ကန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ လိုအပ်သည့် နည်းပညာပေးခြင်းများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်ဆက် )