ဝေါမြို့နယ်၌ ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ဝေါ မေ ၂၇

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝေါမြို့နယ်ဦးစီးမှူးးရုံးက မြို့ပေါ်ရပ်ကွက်များအတွင်း နိုင်ငံသားစိစစ်ရေးကဒ်ပြားမပြုလုပ်ရသေးသော ပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းဇော်ဦးက ဦးဆောင်ကာ ကွင်းဆင်းအဖွဲ့ (၄) ဖွဲ့ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး နောက်ရက်များတွင် ကျေးရွာများသို့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

မြို့နယ် (ပြန်/ဆက်)