ညောင်လေးပင် မေ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ မိုးဦးကျတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးပူးပေါင်းအဖွဲ့များသည် ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များတွင် ခြင်ဆေးဖြန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ကျန်းမာရေး၊ ပညာရေးနှင့် ပြန်/ဆက်စသည့် ဌာနဆိုင်ရာများ ပူပေါင်း၍ ရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင် အတွင်းအပြင်ရှိ ရေစည်၊ ရေအိုးများအား ခြင်ပေါက်ပွားမှုရှိမရှိစစ်ဆေးခြင်း၊ ခြင်ပေါက်ဖွားနိုင်သည့် ရေစည်၊ ရေအိုး၊ ရေသိုလှောင်ကန်များ အဖုံးဖုံးအုပ်ရန် အသိပညာပေးခြင်း၊ သောက်ရေသုံးရေထည့်ထားသည့် ရေစည်၊ ရေအိုးများ၊ ဘုရားပန်းအိုးများအား ခြင်မပေါက်ပွားအောင် လဲလှယ်ပြောင်းထည့်ခြင်း၊ စွန့်ပစ်တာယာဟောင်းများ၊ ဘူးခွံများမှ ရေများအား သွန်ပစ်ခြင်း၊ ရေမလှယ်နိုင်သည့်အုတ်ကန်များကို ရေစစ်ဖြင့်စစ်ထုတ်ခြင်း Abate ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်း စသည့်ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)