ထန်းတပင်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် အာဟာရပစ္စည်းများ ပေးအပ်ခြင်း ဆောင်ရွက်

ထန်းတပင် မေ ၂၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အာဟာရပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က‌ ဆောင်ရွက်ခဲ့သည်။

ဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စီစီစီုးဦးနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးဆိုင်ရာ အသိပညာများ ဟောပြောခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအား ဆန်၊ ကြက်ဥ၊ ဆား၊ ဆပ်ပြာမှုန့်ထုပ်နှင့် ငွေ (၅၀၀၀) ကျပ်တို့ကို ကိုယ်ဝန်ဆောင် မိခင်(၁၀)ဦးတို့ကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)