နတ်မောက် မေ ၂၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ နတ်မောက်-မြို့သစ်ကားလမ်းဘေး မိုင်တိုင်အမှတ် (၂၇) အနီးရှိ မြို့မပျိုးဥယျာဉ်တွင် ၂၀၂၅ မိုးရာသီ၌ ပြည်သူလူထုသို့ ဖြန့်ဝေပေးရန် လူထုဖြန့် ပျိုးပင်ပေါင်း (၂၄၂၀၀) အား ကျွန်း၊ တမာ၊ ဆီသပြေ၊ စိန်ပန်းကြီး၊ စိန်တံခြူ၊ ငုရွှေဝါ၊ ယင်းမာ၊ ဖျောက်ဆိပ်၊ တပေဘူတ၊ ယူကလစ်၊ မြန်မာကုက္ကိုလ် စသည့် သစ်မျိုး(၁၁)မျိုးဖြင့် ပျိုးထောင်ထားရှိကြောင်း သိရသည်။
ထိုသို့ ပျိုးထောင်ထားရာတွင် ဒေသတွင်း စိမ်းလန်းစိုပြည်သာယာလှပစေပြီး ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုများကို ကာကွယ်နိုင်ရန်၊ သစ်တောသစ်ပင်များနှင့် သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ် တည်တံ့လာစေပြီး သက်ရှိများ၏ ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ရရှိလာစေရန်၊ သစ်တောဖုန်းလွှမ်းမှု မြှင့်တက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် မြို့နယ်အတွင်းရှိ တပ်ရင်း/တပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထုသို့ နှစ်စဉ်ပျိုးထောင်ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း