မြို့သစ် မေ ၂၆
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာအတန်းများ၏ ကျောင်းအပ်နှံလက်ခံခြင်းကို မေလ ၂၂ ရက်နေ့က စတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ မေလ ၂၅ ရက်နေ့အထိ လာရောက်ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ (၂၈၃၀၀) ဦးရှိပြီဖြစ်ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း(၁၉၀)၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၁) ကျောင်း စုစုပေါင်း (၁၉၂) ကျောင်းတွင် အခြေခံပညာမူလတန်းအဆင့်တွင် လာရောက်အပ်နှံသူ (၁၉၀၅၄) ဦး၊ အလယ်တန်းအဆင့်တွင် (၇၄၇၁) ဦး၊ အထက်တန်းအဆင့်တွင် (၁၇၇၅) ဦး စုစုပေါင်း (၂၈၃၀၀) ဦးအပ်နှံပြီးစီးပြီဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် (၈၂ ဒသမ ၇၃) ရာခိုင်နှုန်းရှိပြီ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၀င်းအိဇွန်(ပြန်/ဆက်)