ကျိုက်လတ်၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကျိုက်လတ် မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ ယမန်နေ့နံနက်(၈) နာရီက ကျိုက်လတ်မြို့နယ် ဆူးကဏန်းကျေးရွာအနီး၊ ကျိုက်လတ် မအူပင်ကားလမ်း‌ဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇံရွှေ၊ မြို့နယ်သစ်တောဉီးစီးဌာနမှ တာဝန်ခံတောအုပ်ကြီး ဦးအောင်မျိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်၊ ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရန်နှင့် ရာသီဥတုကောင်းမွန်မျှတစေရန်ရည်ရွယ်၍ မန်ဂျန်ရှားပျိုးပင်(၁၀၀)၊ ခရေပျိုးပင်(၅၀)၊ ကံ့ကော် ပျိုးပင်(၅၀)၊ စိန်ပန်းကြီး ပျိုးပင်(၅၀)၊ ရေတမာ ပျိုးပင်(၂၅) နှင့် မဟော်ဂနီ ပျိုးပင်(၂၅)၊ စုစုပေါင်းပျိုးပင်(၃၀၀)ကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)