နတ်မောက် မေ ၂၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံး၌ မေလ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျောင်းသား/သူ (၃၃၀၃၅)ဦး လာရောက်ကျောင်းအပ်နှံလျက်ရှိသည်။
အဆိုပါ အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ/မများက အသက်(၅)နှစ်အရွယ် ကလေးငယ်များကို KG အတန်းတွင် အပ်နှံ၍ (၆)နှစ်အရွယ်ကလေးငယ်များကို Grade-1 သို့ အပ်နှံရမည်ဖြစ်ပြီး အခြေခံပညာကျောင်းသား/သူများအား ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ်နှင့် ခဲတံများအား အခမဲ့ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း