ပွင့်ဖြူ မေ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၆၉၉၉၉ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါး ၆၉၉၉၉ ဧက စိုက်ပျိုးရန်လျာထားပြီး သတ်မှတ်စိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေး ဇွန်လပထမပတ်တွင် စိုက်ပျိုးရေများ ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ဇူလိုင်လမှ စက်တင်ဘာလကုန်အထိ စိုက်ပျိးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စပါး ၆၉၉၉၉ ဧက စိုက်ပျိုးသွားဖို့ လျာထားပါတယ်။ သတ်မှတ်လျားထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့၊ တစ်ဧက ပန်းတိုင်အထွက်နှုန်းများရရှိဖို့နဲ့ အချိန်မီ စိုက်ပျိုးနိုင်အောင် တောင်သူတွေကို ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်။ စပါးစိုက်ပျိုးရာတွင် အခက်အခဲမဖြစ်စေဖို့ လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာနဲ့ မျိုးတွေရရှိအောင် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါးသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းများကောင်းမွန်စေရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများနှင့်ပူးပေါင်းပြီး စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စပါးကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကိုဖူလုံစေရုံမျှမက ပိုလျှံကာ ရောင်းချနိုင်မည်ဖြစ်၍ ဝင်ငွေတိုးပွာကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် စပါးကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)