၂၀၂၅ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးနွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး မေ ၂၅

ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၅ ခုနှစ်၊ နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က အနာဂတ်နိုင်ငံတော်အတွက် လူငယ်များ၏စွမ်းဆောင်ရည်၊ ကိုယ့်ကျင့်တရား၊ တိုင်းပြည်ချစ်စိတ်၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဗလငါးတန်ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန်သော အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်လာစေရေန်နှင့် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြတ်သော လူရည်ချွန်များပေါ်ထွက်လာစေရေးအတွက် နွေရာသီအဆင့်မြင့် အားကစားသင်တန်းများဖွင့်လှစ်ပေးရခြင်းဖြစ်ကာ အားကစားနည်းအလိုက်  ဗီဇပါရမီရင့်သန်၍ အောင်မြင်မှုအလားအလာရှိသည့် ရွက်ပုန်းသီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာမှာဖြစ်ကြောင်း၊ နွေရာသီအဆင့်မြင့် အားကစားသင်တန်းများ အောင်မြင်စွာဖွင့်လှစ်နိုင်ခြင်းသည် တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် အကျိုးထူးများ မလွှဲမသွေရရှိနိုင်မှာဖြစ်သည့်တွက် မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့ရဲ့ရင်သွေးငယ်များကို နိုင်ငံတော်အတွက်တန်ဖိုးရှိသည့် လူတော်လူကောင်းများဖြစ်လာစေရေးဆက်လက်၍ စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးမည့် နွေ၊ မိုး၊ ဆောင်း နှစ်လုံးပေါက်အားကစား သင်တန်းများကို တက်ရောက်သင်ကြားနိုင်ရေး အားပေးပံ့ပိုးသွားရန် လိုအပ်မှာဖြစ်ကြောင်း၊ နွေရာသီအဆင့်မြင့် အားကစားသင်တန်းမှ သင်ကြားပေးလိုက်သည့် သက်ဆိုင်ရာအားကစားနည်းအလိုက် နည်းစနစ်နှင့်ကျွမ်းကျင်မှုများကိုအခြေခံပြီး ဆက်လက်လေ့လာခြင်း၊ စဉ်ဆက်မပြတ်လေ့ကျင့်ခြင်းများ ဆောင်ရွက်သွားရန် သင်တန်းဆင်းအမှာစကား ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဟော်ကီ၊ ဘောလုံး၊ အေရိုးဗစ်နှင့် Fitness Dance အားကစားနည်း()နည်းမှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။ ၎င်းနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ကရာတေး၊ ဘတ်စကက်ဘောနှင့် မြန်မာ့သိုင်းအားကစားနည်း ()နည်းမှ သင်တန်းသား၊ သင်တန်းသူများလည်းကောင်း၊ လူမှုရေးရာဝန်ကြီးက ဖူဆယ်၊ တင်းနစ်နှင့် ကြက်တောင် အားကစားနည်း()နည်းမှ သင်းတန်းသား၊ သင်တန်းသူများလည်းကောင်း သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် အေရိုးဗစ်၊ ကရာတေး၊ Fitness Danceနှင့်  မြန်မာ့သိုင်းစသည့် အားကစားနည်း အလိုက် သင်တန်းသား/သင်တန်းသူများက သရုပ်ပြသကစားကြရာ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နည်းပြဆရာ/ ဆရာမ(၃၆)ဦးနှင့် သရုပ်ပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီး ဌာနတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးနွေရာသီ အဆင့်မြင့်အားကစားသင်တန်းအား မေလ()ရက်နေ့မှ မေလ(၂၅)နေ့အထိ ဟောကီ၊ ဘောလုံး၊ အေရိုးဗစ်/ Fitness Dance ကရာတေး၊ ဘတ်စကက်ဘော၊ မြန်မာ့သိုင်း၊ ဖူဆယ်၊ တင်းနစ်၊ ကြက်တောင် စသည့်အားကစားနည်း()မျိုးအား ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး အားကစားနည်းအလိုက် စုစုပေါင်းသင်တန်းသား/သင်တန်းသူ (၇၅၀)ဦး တက်ရောက် သင်ကြားခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)