ကျောင်းကုန်းမြို့၌ မိုးစပါးရာသီ ဆင်းသုခRS မျိုးစပါးများ ထောက်ပံ့ပေးအပ်

ကျောင်းကုန်း မေ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာရှိ နည်းပညာပြန့်ပွားရေးစင်တာ၌ ၂၀၂၅ခုနှစ်- ၂၀၂၆ ခုနှစ် မိုးစပါးရာသီအတွက် ဆင်းသုခ RS မျိုးစပါးထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ် စိုက်/တိုး/မြှင့်အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက တစ်ဧကလျှင် စပါး (၁၀) တင်းနှုန်း တိုးထွက်စေရေးအတွက် ကြိုးစားစေလိုကြောင်း၊ ကောင်းမွန်သည့်မျိုးစေ့ဖြင့်စိုက်ပျိုးနည်းစနစ်မှန်ကန်စွာစိုက်မည်ဆိုလျှင် စပါးအထွက်နှူန်း တိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စိုက်/တိုး/မြှင့်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက တောင်သူများအား ဆင်းသုခ RS မျိုးစပါးများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အခမ်းအနားသို့ မြို့နယ်စိုက်/တိုး/မြှင့် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးမှူး ဦးကျော်ဌေးနှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင် (ပြန်/ဆက်)