သာယာဝတီ မေ ၂၅
ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်၌ ၂၀၂၅ ခုနှစ် လူထုဖြန့်သစ်ပင်ပျိုးပေါင်း ၅၀၀၀၀ ပင်ကို မိုးရာသီကာလ၌ စိုက်ပျိုးနိုင်ရန်အတွက် အခမဲ့ဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ယခုနှစ် ၂၀၂၅ ခုနှစ် မိုးရာသီကာလတွင် စိုက်ပျိုးနိုင်ရန်အတွက် လူထုဖြန့်သစ်ပင်ပျိုးပင်ပေါင်း ၅၀၀၀၀ ကို ပျိုးထောင်ပြင်ဆင်ထားရှိပြီး အခမဲ့ဖြန့်ဝေပေးသွားနိုင်ရန် စိုက်ပျိုးထားပြီး ဌာနဆိုင်ရာများနှင့်ပြည်သူများအနေဖြင့် စိုက်ပျိုးလိုတဲ့ သစ်ပင်ပျိုးပင်များကို လာရောက်ပြီးအခမဲ့ထုတ်ယူစိုက်ပျိုးနိုင်ကြောင်း အဓိကသစ်ပင်ပျိုးပင်တွေအနေနဲ့ကတော့ စိန်ပန်း၊ မယ်ဇလီ၊ ကံ့ကော်၊ ခရေ၊ တမာစသည့် အရိပ်ရ သစ်ပင်ပျိုးပင်များဖြစ်ကြောင်း လူထုဖြန့်သစ်ပင်ပျိုးပင်များ ဖြန့်ဝေပေးခြင်းအပြင် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်ရွာ ၂ ဧကစီမံချက်ဖြင့် စုစုပေါင်း ၉ ဧက၊ ပျိုးပင် ၅၀၀ပင် စိုက်ပျိုးခြင်းနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကျင်းပ၍ သစ်ပင်ပျိုးပင် ၇၀၀ ပင်စိုက်ပျိုးခြင်းတို့ကိုလည်း မြို့နယ်သစ်တောဦးစီးဌာနက စီစဥ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လူထုဖြန့်သစ်ပင် ပျိုးပင်များတွင် တမာပင်၊ ခရေပင်၊ စိန်ပန်း ပင်၊ မယ်ဇလီပင်၊ ယူကလစ်ပင်၊ ဗန်ဒါပင်၊ မယ်ဇယ်ပင် စသည်တို့ပါဝင်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်