ပွင့်ဖြူ မေ ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်း သင်တန်းဆင်းပွဲအခမ်းအနားကို မေ ၂၄ ရက်နေ့က ပွင့်ဖြူမြို့နယ် စံပြကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က သင်တန်းသား၊ သင်တန်းသူများအနေဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်းသင်တန်းမှ သင်ကြားပေးခဲ့သော သင်ခန်းစာများကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ကာ မိမိမြို့ရွာဒေသ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းနည်းပြဆရာများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ သင်တန်းသားများအတွက် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝမြေဩဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်း သင်တန်းကို ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုရှိ ဝင်ငွေတိုးလုပ်ငန်း ဆောင်ရွက်လုပ်ကိူင်လိုသည့် သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းအား မေ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ (၃) ရက်ကြာ စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)