လက်ပံတန်း၌ သီးနှံများအဓိက ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ

လက်ပံတန်း မေ ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် မြို့နယ်အတွင်းသီးနှံများ အဓိကပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေး စံပြကွက်များအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး နည်းပညာဆွေးနွေးပွဲကို မေလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက ညောင်ဝိုင်းကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင် စိုက်ဘဏ်မန်​နေဂျာ ဦးဌေးလွင်နှင့် ကော်မတီဝင်များက ဆီထွက်သီးနှံများ၊ ရာသီချိန်မီစိုက်ပျိုးဖြစ်ထွန်းနိုင်ရေး၊ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ထွက်ရှိရေး၊ သီးနှံအလိုက်နှင့် မိုးစပါးစံပြကွက်များတွင် စိုက်ပျိုးမည့်တောင်သူများကို မြေအသုံးချရေးဆိုင်ရာ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးအတွက် မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ အစေ့ချကိရိယာ Drum Seeder ဖြင့်စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း၊ ပင်ခြားတန်းခြားဖြင့် စနစ်တကျစိုက်ပျိုးနည်းများဖြင့် ဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ညောင်ဝိုင်းအုပ်စု၊ အုတ်တွင်းကျေးရွာအုပ်စုမှ ဒေသခံတောင်သူ ၄၅ ဦး တက်ရောက်ခဲ့ပြီး သိလိုသည်များကိုမေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။       

မြို့နယ် (ပြန်/ဆက်)