ပေါင်းတည်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်တွင် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်း ဆောင်ရွက်

ပေါင်းတည် မေ ၂၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် လှုပ်ရှားဆောင်ရွက်လျက်ရှိရာ မေလ ၂၃ ရက်က ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ရေးအတွက် စာသင်ကျောင်းအသီးသီးတွင် ကျောင်းအပ်လက်ခံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

မေလ ၂၂ ရက်မှ မေ၂၃ ရက်အထိ ပေါင်းတည်မြို့နယ်၌ အခြေခံပညာအစိုးရကျောင်း၊ ဘုန်းတော်ကြီးသင်စာသင်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများသို့ မူလတန်းအဆင့် ၈၅၆၀ ဦး၊ အလယ်တန်းအဆင့် ၂၆၇၀ ဦး၊ အထက်တန်းအဆင့် ၁၀၈၁ ဦး၊ စုစုပေါင်း ၁၂၂၁၁ ဦး လာရောက် ကျောင်းအပ်နှံခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာ စာသင်ကျောင်းအသီးသီးက စည်းကမ်းချက်များနှင့်အညီ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရွှေသား (IPRD)