ရွှေတောင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် အခြေခံဂျူဒိုသင်တန်းဆင်းပွဲ ကျင်းပ

ရွှေတောင် မေ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အခြေခံဂျူဒိုသင်တန်းဆင်းပွဲကို မေလ ၂၃ ရက်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ထူးချွန်ထက်မြတ်၍အနာဂတ်တွင် ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား/သူများ ပေါ်ထွန်းလာစေရန် စာပေကိုချစ်မြတ်နိုး၍ စာကြည့်တိုက်သို့ လာရောက်တက်စေရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခါအားလျော်စွာဖွင့်လှစ်သည့် သင်တန်းများရှိပါက လာရောက်တက်ရောက်စေလိုကြောင်း ပြောကြားခဲ့သည်။

မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ နည်းပြ နည်းစနစ်မှူး ဒေါ်သပြေမှသင်တန်းတွင် အခြေခံကျနည်း(၇)မျိုး၊ ဂျွမ်းထိုးနည်း၊ ကိုင်ပေါက်နည်းစနစ်၊ ချုပ်နည်း၊ ချိုးနည်း၊ ညှစ်နည်းများကို (၁၉-၅-၂၀၂၅) ရက်နေ့မှ (၂၃-၅-၂၀၂၅) ရက်နေ့ထိ (၅)ရက် သင်ကြားပေးခဲ့ရာ သင်တန်းသား/သူ (၂၀)ဦး တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းပြ နည်းစနစ်မှူး ဒေါ်သပြေကို ဂါရဝလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ ဆက်)