ပေါက်ခေါင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် KG မှ Grade-12 ထိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံ

ပေါက်ခေါင်း မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် KG တန်းမှ Grade-12 ထိကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၂ ရက်နေ့နံနက်ပိုင်းကစတင်၍ ကျောင်းအပ်လက်ခံလျက်ရှိရာ ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများကို ဇွန် ၂ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံစသည်တို့ကို အခမဲ့ပေးအပ်ခဲ့သည်။ ပေါက်ခေါင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း၊ အထက်တန်း(ခွဲ)ကျောင်း(၉)ကျောင်း၊ အလယ်တန်းကျောင်း(၁၁)ကျောင်း၊ အလယ်တန်း(ခွဲ)ကျောင်း(၂၃)ကျောင်း၊ မူလွန်ကျောင်း(၅၅)ကျောင်း၊ မူလတန်းကျောင်း(၁၀၃)ကျောင်းနှင့် မူလတန်း(ခွဲ)ကျောင်း(၁၀)ကျောင်း စုစုပေါင်းအခြေခံပညာကျောင်းပေါင်း (၂၁၉)ကျောင်းဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)