နတ်တလင်း မေ ၂၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမျိုးအောင် ကျောင်းပြင်ပမူလတန်းပညာရေး ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ အ.ထ.က (နတ်တလင်း) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံနေမှုအား ယနေ့ နံနက် ၁၁နာရီက ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ လူမှုရေးဝန်ကြီးမှ အ.ထ.က(နတ်တလင်း) ကျောင်း၌ ကျောင်းအပ်လက်ခံနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ကျောင်းပြင်ပမူလတန်းပညာရေး ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းပြင်ပရောက်နေသော ကလေးများ ပညာရေး စဥ်ဆက်မပြတ် သင်ယူနိုင်ရေး အတွက် ပညာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး တိုင်းဒေသကြီး ကြီးကြပ်ရေးမှူး ဦးဝင်းမြင့်မှ လိုအပ်သည်များ ဆွေးနွေးတင်ပြရာ ဝန်ကြီးမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)