ဆင်ပေါင်ဝဲ မေ ၂၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ဆင်ပေါင်ဝဲမြို့နယ် တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေး ကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဆင်ပေါင်ဝဲမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဘုရားကြီးကျောင်းတိုက်အတွင်း၌ ဆေးကုသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးကုသခြင်းလုပ်ငန်းများကို မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးငြိမ်းချမ်းစိုးနှင့် ဝန်ထမ်းက အဆိုပါ ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်၊ သံဃာတော်များနှင့် ဥပုသ်သီလစောင့်တည်ကြသည့် ပြည်သူများအား ရောဂါလက္ခဏာများ ကြည့်ရှုစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာရောဂါများအလိုက် တိုင်းရင်းဆေးသောက်ဆေးများကို အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)