သရက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်

သရက် မေ ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းအဖြစ် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ခရိုင်ဆရာဝန်ကြီး ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အဘိတ်ဆေးခတ်ပေးခြင်း၊ ခြင်များခိုအောင်းမှုမရှိ စေရေးရေလှောင်ကန်များရေပုံးများ၊ မိုးရေဝင်နိုင်သည့် အိုခြမ်းပဲ့၊ တာယာကွင်းစသည့် ခြင်ပေါက်ဖွားနိုင်သည့်နေရာများအား ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(ပြန်/ဆက်)