ရွှေတောင် မေ ၂၄
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်ခရိုင်၊ ဆည်မြောင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှု ကော်မတီပါအဖွဲ့ဝင်များမှ ယမန်နေ့နံနက်ပိုင်းက ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကြည့်ရှု စစ်ဆေးရာတွင် ရွှေတောင်မြို့နယ် ၊နွားမယံကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၁၀) ရွာဟောင်းကွင်းအတွင်းရှိ တောင်သူ ဒေါ်ချိုချိုခိုင်၏ လယ်မြေ (၂.၀၀) ဧကတွင်မိုး ကြိုနှမ်း (ပေါင်ကြီးတင်စနစ်) ဖြင့် စိုက်ပျိုး နိုင်ရေး ထွန်ယက်နေမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက် ကူကြီးလမ်းရှိ ဗိုလ်ရုံဘုန်းတောကြီးကျောင်းဝန်းအတွင်း ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး၏ အရိုးအိုးစေတီပျက်စီးနေမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ ထန်းလုံးချောင်းတာတမံ နေ့/ညအရေးပေါ်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန် ရေကင်းစခန်းတည်ဆောက်ခြင်းနှင့် ရေတံခါးပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများ၊ တာပုံစံကျ ပြုပြင်ခြင်းလုပ်ငန်းများနှင့် မြို့မကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာ ဧရာဝတီမြစ်ကမ်းအနီး မြစ်ရေကြီးမြင့်ပါက ရေဝင်ရောက်သည့် မြေနေရာအနိမ့်ပိုင်းအရှည်ပေ (၁၂၀၀) ခန့်နေရာအား ဒေသခံတောင်သူများ မြေသားတာဖို့ခြင်းဆောင်ရွက်နေမှု အခြေအနေများ၊ ရွှေတောင်မြို့နယ် မြို့မကျေးရွာအုပ်စု၊ မြို့မကျေးရွာနေ ဦးကံဝင်းနှင့် မြို့မကျေးရွာအုပ်စု၊ မြို့တွင်းကျေးရွာ ဦးသန်းဌေးတို့၏ မြို့မစည်းလုံချည်/ပုဆိုးစက်ရက္ကန်းစင်များဖြင့် ချည်ထည် ယက်လုပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၍ MSMEs ချေးငွေ လျှောက်ထားနိုင်ရေး၊ ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၄၀) ရွာသာကွင်းအတွင်း တောင်သူ ဒေါ်တင်နွဲ့၏ လယ်မြေ (၂.၀၀) ဧကတွင်မိုးမြေပဲ( မကွေး၁၂) စိုက်ပျိုးထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ စစ်ဆေးရာသို့ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်ခရိုင်၊ ဆည်မြောင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီပါ အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ကဏ္ဍအသီးသီးအလိုက် ဆောင်ရွက်ထားရှိမှုများအပေါ်ရှင်းလင်းတင်ပြခဲ့ရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ကိုကိုမင်း (ပြန်/ဆက်)