ပွင့်ဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပွင့်ဖြူ မေ ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ အသိပညာဗဟုသူတ တိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်ရုံးလူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်ကပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများဖြစ်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉ ခုနှစ်)နှင့် ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ကလေးငယ် များ၏ အနာဂတ်ဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကာကွယ်စောင့်ရှောက်ရမည့် လုပ်ငန်းတာဝန်များ၊ ကလေးငယ်များ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ၊ ပညာသင်ယူခွင့်ဆိုင်ရာ အခွင့်အလမ်း များ ကလေးငယ်များဘဝ လုံခြုံစေရေးအတွက် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။   

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကလေးအလုပ်သမား ပပျောက်ရေးနှင့် ပတ်သက်၍ လေ့လာဖတ်ရှုနိုင်ရန် စာအုပ်စာစောင်များပြသခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ဆောင်ရွက်ပေးရာ တက်ရောက်လာသည့် ပြည်သူများက စိတ်ဝင်တစ်စား လေ့လာဖတ်ရှုခဲ့ကြ‌ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)