ဖြူးမြို့နယ်၌ ကျေးရွာဖွံဖြိုးရေး စီမံကိန်း VDP ရေးဆွဲနည်းသင်တန်းဖွင့်လှစ်

ဖြူး မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံချက်ရေးဆွဲနည်းသင်တန်း(AVIP) သင်တန်းဖွင့်ပွဲကို မေလ(၂၂)ရက်နေ့နံနက် ၉ နာရီအချိန်က အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့် ဦးစီးအရာရှိတို့က ကျေးရွာတွင်  ကဏ္ဍအလိုက် စနစ်တကျစစ်တမ်းကောက်ယူနည်း၊  ကျေးရွာဖွံ့ဖြိုးရေး ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီးကျေးရွာဖွံဖြိုးရေး စီမံကိန်းရေးဆွဲနည်း၊ ရန်ပုံငွေအဆိုပြုလွှာ ပြင်ဆင်ခြင်းလုပ်ငန်းစဉ်များကို  ပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် စီမံကိန်းကျေးရွာများဖြစ်သည့် တံခွန်တိုင်ကျေးရွာအုပ်စု၊ သဖန်း တန်းကျေးရွာ၊ မင်းဂံရိုးကျေးရွာအုပ်စု၊ ဒိုင်းတရာတောင်ကျေးရွာများမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ကော်မတီဝင်များ စုစုပေါင်း(၁၆)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၅)ရက် ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)