သနပ်ပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ စတင်ထုတ်ပေးလျက်ရှိ

သနပ်ပင် မေ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မေလ ၂၁ ရက်နေ့ နံနက်(၇)နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပင်စင်ထုတ်ရာတွင် မေလ(၂၁)ရက်နေ့မှ (၃၁)ရက်နေ့အထိ ပိတ်ရက်များမှလွဲ၍ နေ့စဉ်နံနက်(၇:၀၀)နာရီမှ (၁၄:၀၀)နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် သနပ်ပင်မြို့နယ်အတွင်းရှိ ပင်စင်စားအငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများအား ထုတ်ပေးလျက်ရှိပြီး၊ ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)