ကြို့ပင်ကောက်မြို့နယ် ပညာရေးမှူးရုံးရှေ့တွင် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူ

ကြို့ပင်ကောက် မေ ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ပညာရေးမှူးရုံးရှေ့တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို မေလ ၂၁ ရက်နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့များအား ဂုဏ်ပြု၍ အထိမ်းအမှတ်ဆိုင်းဘုတ် စိုက်ထူခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျ၊ မြို့နယ်ပညာရေးမှူး ဦးစိုးမင်းအာင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဆောင်ရွက်ပေးခဲ့ပြီး မေလ ၂၇ ရက်နေ့တွင် အထက(ကြို့ပင်ကောက်)ကျောင်းတွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းနေရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိနိုင်ရေးအတွက် မေလ ၂၂ ရက်နေ့ နံနက်ပိုင်းမှစ၍ ကျောင်းအပ်လက်ခံခြင်းများကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် လူစည်ကားရာနေရာများ အထက ကျောင်းများနှင့် လမ်းဆုံများတွင် ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် ဆိုင်းဘုတ်များ စိုက်ထူသွားမည်ဖြစ်ကြာင်း မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်စိုးစပယ်ဖြူထံမှ သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)