ချောင်းသာမြို့ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်လက်ခံခြင်းများဆောင်ရွက်

ချောင်းသာ မေ ၂၃

နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ဒုတိယမြောက်နေ့အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကျောင်းအပ်လက်ခံခြင်းများဆောင်ရွက်ရာတွင် ချောင်းသာမြို့အတွင်းရှိ အခြေခံပညာကျောင်း များတွင် “ကျောင်းနေအရွယ် စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မေလ(၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ် အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးကာ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတော်မှ ကျောင်းသုံးပုံနှိပ် စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးကြောင်းသိရှိရပြီး အဆိုပါအခြေခံပညာကျောင်းများကို ဇွန်လ(၂)ရက်နေ့မှ စတင်ကာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျော်ကျော်