မအူပင် မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တော၊ သစ်ပင်တန်ဖိုးများအား အလေးထားသိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီအကြို စုပေါင်း သစ်ပင်စိုက်ပျိုးပွဲအား ယနေ့နံနက် ၈ နာရီအချိန်က ညောင်ဝိုင်းကျေးရွာရှိ မအူပင်စက်မှုဇုံဝန်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးဝင်းရွှေနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ ကျွန်း(၅၀)ပင်၊ မန်ဂျန်ရှား (၂၀၀)ပင်၊ ယမနေ (၁၂၀)ပင်၊ စိန်ပန်း (၅၀)ပင်၊ ခရေ (၅၀)ပင်၊ ရေတမာ (၃၀)ပင် စုစုပေါင်း (၅၀၀)ပင်အား စနစ်တကျစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
အောင်မြင့်မြတ်