နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့မပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၂၄၂၀၀) ကျော် ပျိုးထောင်ထားရှိ

နတ်မောက် မေ ၂၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ နတ်မောက်-မြို့သစ် ကားလမ်းဘေး မိုင်တိုင်အမှတ် (၂၇) အနီးရှိ မြို့မပျိုးဥယျာဉ်အတွင်း ပျိုးပင်ပေါင်း (၂၄၂၀၀)ကျော် ပျိုးထောင်ထားရှိသည်။ထိုသို့ ပျိုးထောင်ထားရာတွင် မြို့နယ်သစ်တောဦးစီးဌာနက ဒေသတွင်း စိမ်းလန်းစိုပြည်သာယာလှပလာစေပြီး ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများကို ကာကွယ်နိုင်ရန် ကျေးလက်နေပြည်သူများအတွက် မဖြစ်မနေလိုအပ်လာမည့် ထင်း၊ လောင်စာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊ သစ်တောသစ်ပင်များနှင့် သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ် တည်တံ့လာစေပြီး သက်ရှိများ၏ ပတ်ဝန်းကျင်တည်တံ့ ကောင်းမွန်လာစေရန်ရည်ရွယ်၍ ဒေသအတွင်း သစ်ပင်သစ်တောကျဲပါးသည့်နေရာများတွင် (Green Cover)  တိုးတက်လာစေရန် ကွက်လပ်ဖြည့်စိုက်ခင်းများ စိုက်ပျိုးခြင်း၊ လမ်းဘေးဝဲ/ယာ များမှာ အရိပ်ရ လေလာတန်းပင်များ စိုက်ပျိုးခြင်း၊ ကျေးလက်နေပြည်သူများအတွက် ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ပေးခြင်းများတွင် စိုက်ပျိုးပေးသွားမည်ဖြစ်ပြီး မြို့မပျိုးဥယျာဉ်အတွင်း ကျွန်းပင် (၄၀၀၀)၊ တမာပင် (၂၅၀၀)၊ ဆီသပြေပင် (၃၀၀၀)၊ စိန်ပန်းကြီးပင်(၂၀၀၀)၊ စိန်တံခြူပင် (၁၀၀၀)၊ ငုရွှေဝါပင် (၂၀၀၀)၊ ယင်းမာပင် (၂၀၀၀)၊ ဖျောက်ဆိပ်ပင် (၂၀၀၀)၊ သပြေဘူတပင် (၂၀၀၀)၊ ယူကလစ်ပင် (၂၀၀၀)၊ မြန်မာကုက္ကိုပင် (၁၇၀၀)စသည့် သစ်မျိုးစုံ(၁၁)မျိုး ပျိုးထောင်ထားရှိကာ ၂၀၂၅ ခုနှစ် မိုးရာသီတွင် ဒေသအတွင်းရှိ အများပြည်သူများအား မြို့နယ်သစ်တောဦးစီးဌာနမှ သစ်မျိုးစုံ (၂၅၀၀)ပင် ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

လှဝင်း