နတ်မောက် မေ ၂၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့မဈေးအတွင်းရှိ ဆိုင်ခန်းရှင်များ ကျူးကျော်တည်ခင်းရောင်းချမှု ရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် မြို့မဈေးအတွင်းရှိ ဆိုင်ခန်းရှင်များအား ကျူးကျော်တည်ခင်းရောင်းချမှုမရှိစေရေး၊ ပျံကျဈေးရောင်းချမှုများအား စည်းကမ်းနှင့်အညီ စနစ်တကျ သတ်မှတ်ထားသည့်နေရာများတွင် ရောင်းချစေရေး၊ မိုးတွင်းကာလဖြစ်သည့်အတွက် ဈေးအတွင်း/အပြင် ရောင်းချနေသော ဆိုင်ခန်းရှင်များအနေဖြင့် ယင်နားနေနိုင်သည့် အစားအစာများ စနစ်တကျဖုံးအုပ်ရောင်းချရန်နှင့် ဈေးရောင်း/ဈေးဝယ်ပြည်သူ ကျန်းမာရေးညီညွတ်စေရေးအတွက် ဆိုင်ခန်းများမှ အမှိုက်များ စနစ်တကျစွန့်ပစ်ထားရှိမှုနှင့် အများသုံးသန့်စင်ခန်းများအား ဆပ်ပြာ၊ ရေများဖြင့် စနစ်တကျသုံးစွဲရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိနှင့် ဈေးတာဝန်ခံတို့မှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မူမူစန်း