ပွင့်ဖြူမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်

ပွင့်ဖြူ မေ ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ဝင်းထွန်း က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အတွင်းဒေသအသီးသီးမှ လာရောက်တိမ်းရှောင်နေထိုင်သော  ယာယီနေရပ် စွန့်ခွာပြည်သူများအတွက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွက် (၂)လစာ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့် ယာယီနေရပ်စွန့်ခွာ ပြည်သူ(၁၂)ဦးကို စုစုပေါင်းငွေကျပ် ၄၈၀၀၀၀ ကို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)