စလင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အ​ခြေခံပညာကျောင်းများ၌ စတင်ကျောင်းအပ်လက်ခံ

စလင်း မေ ၂၃

မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်၊  စလင်းမြို့နယ်တွင်၊  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ် မေလ(၂၂)ရက်နေ့မှ၊ ဇွန်လ(၁)ရက်နေ့အထိ၊  သတ်မှတ်ထားပြီး၊ ကျောင်းနေအရွယ်ကလေးများအားလုံး၊ အခြေခံပညာကို၊ ရာနှုန်းပြည့်  သင်ကြားနိုင်ရေးအတွက်၊  ယနေ့နံနက်(၉)နာရီအချိန်မှ၊  စတင်ကာ၊  မြို့နယ်အတွင်းရှိ ကျောင်းများအသီးသီးတို့တွင်၊  ကျောင်းအပ်လက်ခံလျက်ရှိကြောင်း  သိရသည်။

ကျောင်းနေအရွယ်ကလေးများအားလုံး၊ စဉ်ဆက်မပြတ် ပညာသင်ယူဖို့၊  ကျောင်းအပ်နှံကြစို့၊ ဆောင်ပုဒ်နှင့်အညီ၊  ကျောင်းအပ်လက်ခံခြင်းများကို၊  မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်၊  ဆောင်ရွက်လျက်ရှိရာ၊ စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်၊  ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား၊ ကျောင်းအပ်လက်ခံဆောင်ရွက်ရာတွင်၊ ဆရာ၊ ဆရာမများက၊  မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမပြုဘဲ စနစ်တကျကျောင်းအပ်လက်ခံ ဆောင်ရွက်လျက်ရှိပြီး Kgတန်းမှ Grade-12အထိ အတန်းစဥ်အလိုက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ စာရေးကိရိယာများ၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများကို၊  အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်း၊ အခြေခံပညာကျောင်းပေါင်း(၃၀၈)ကျောင်း၊  ကိုယ်ပိုင်ကျောင်း(၅)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၂)ကျောင်းရှိပြီး ကျောင်းနေအရွယ်ကလေးတိုင်း၊  ကျောင်းအပ်နှံနိုင်ရေးအတွက်၊  အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး၊  စလင်းမြို့နယ်တွင်၊ အခြေခံပညာကျောင်းပေါင်း (၃၀၈)ကျောင်းရှိရာမှ၊ ကျောင်းဖွင့်သည့်ကျောင်းပေါင်း (၁၇၇)ကျောင်း၊ ပိတ်ကျောင်း (၁၃၁) ကျောင်းရှိကြောင်းကို၊  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မောင်လွင်(စလင်း)