မင်းတုန်း မေ ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ယမန်နေ့ နံနက်ပိုင်းမှစ၍ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်း စတင်လက်ခံလျက်ရှိပြီး ကျောင်းပြောင်းခြင်းနှင့် ကျောင်းအဝင်များတွက် လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကျောင်းအပ်နှံခြင်းများ လက်ခံဆောင်ရွက်ရာတွင် ယနေ့အထိ မူလတန်းအဆင့် (၂၆၀၆)ဦး၊ အလယ်တန်းအဆင့်(၈၄၀)ဦးနှင့် အထက်တန်းအဆင့် (၂၃၄)ဦး စုစုပေါင်း (၃၈၈၀)ဦး ကျောင်းအပ်နှံပြီးဖြစ်ပြီး ကျောင်းအပ်နှံခြင်း၊ ပြောင်းရွှေ့ခြင်း၊ အဝင်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း မင်းတုန်းမြို့နယ် ပညာရေးမှူးရုံးထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)