သရက်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းများ ဆက်လက်လက်ခံလျက်ရှိ

သရက် မေ ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းများ ဆက်လက်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံခြင်းကို စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သရက်မြို့နယ်အတွင်း အထက်တန်းကျောင်း(၉) ကျောင်း၊ အထက(ခွဲ) (၇)ကျောင်း၊ အလယ်တန်းကျောင်း(၂၀)၊ အလယ်တန်းကျောင်းခွဲ(၁၉)ကျောင်း၊ မူလွန်(၂၄)ကျောင်း၊ မူလတန်းကျောင်း(၅၉)ကျောင်း၊ မူလတန်းခွဲ(၅)ကျောင်းနှင့် ဘက(၂)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်းတို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ(၂၂)ရက်နေ့မှ စတင်လက်ခံလျက်ရှိရာ ကျောင်းအပ်ရန် ကျန်ရှိနေသည့် ကျောင်းသား/ကျောင်းသူများအား ဇွန်လ(၁)ရက်နေ့အထိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ထက်(သရက်)