တောင်တွင်း​ကြီးမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

တောင်တွင်းကြီး မေ ၂၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃၅)အုပ်စုမှ ယာယီနေရပ်စွန့်ခွာလျက်ရှိသည့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ပြည်သူများကို ဖေဖော်ဝါရီနှင့် မတ်လအတွက် တစ်ဦးလျှင် (၄၀,၀၀၀) ကျပ်နှုန်းဖြင့်  စုစုပေါင်း (၅၆၄) ဦးအတွက် ထောက်ပံ့ငွေ (၂၂၅၆၀၀၀၀)ကျပ်အား တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် တာဝန်ရှိသူများက ထောက်ပံ့​ငွေ​များကိုပေးအပ်ခဲ့ပြီး ယာယီနေရပ်စွန့်ခွာပြည်သူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

နောင်နောင်(ဗိဿနိုးမြေ)