မင်းလှမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်

အထက်မင်းလှ မေ ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်(၉)နာရီမှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိသည်။

မင်းလှမြို့နယ်တွင်  အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင်  (KG) တန်းမှ(Grade-12)အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ဆရာမများမှ ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌(KG)တန်းမှ (Grade-5)အထိကျောင်းသား၊ ကျောင်းသူများတစ်ဦးလျှင် ကျောင်းသုံးပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ(၄)ချောင်း၊ တူညီကျောင်းဝတ်စုံအဖြူအစိမ်းတစ်စုံ၊ (Grade-6)မှ (Grade-12) အထိ ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးလျှင် ကျောင်းသုံးပုံနှိပ်စာအုပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ဘောပင်(၂)ချောင်း၊ ခဲတံ(၂)ချောင်းတို့အား နိုင်ငံတော်မှ အခမဲ့ထုတ်ပေးလျက်ရှိသည်။

အဆိုပါ ကျောင်းအပ်လက်ခံဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင် နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ(၂၂)ရက်နေ့မှ ဇွန်(၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံဆောင်ရွက်မည်ဖြစ် ကျောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)