ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၂၃၁၆ ဧက စိုက်ပျိုးမည်

ပွင့်ဖြူ မေ ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၂၃၁၆ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဖူးစားပြောင်း ၂၃၁၆ ဧကထိ စိုက်ပျိုးရန်လျာထားပြီး သတ်မှတ်စိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေး ယခုနှစ်ဇွန်လမှစတင်ပြီး စက်တင်ဘာလအထိ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

“မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ဖူးစားပြောင်း ၂၃၁၆ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ စိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် ကြီးကြပ်ဆောင်ရွက်သွားမှာပါ။ ဖူးစားပြောင်းစိုက်ပျိုးရေး အောင်မြင်ဖြစ်ထွန်းဖို့နဲ့ ပိုးမွှားရောဂါကင်းရှင်းစေဖို့အတွက် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ စိုက်ပျိုးထွက်ရှိလာမည့် ဖူးစားပြောင်းတွေ အရည်အသွေးကောင်းမွန်စေဖို့နဲ့ အစားအစာဘေးအန္တရာယ်ကင်းရှင်းစေဖို့ GAP စိုက်ပျိုးရေးနည်းစနစ်နဲ့အညီ စိုက်ပျိုးနိုင်အောင်ပံ့ပိုးကူညီဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံရာသီ၌ ဖူးစားပြောင်းစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက ဖူးစားပြောင်းများအထွက်နှုန်းတိုးတက်စေရေး ဖောငမြှောင်တောင်ပိုး ကြိုတင်ကာကွယ်ရေး၊ ဘက်စုံသီးနှံကာကွယ်ရေးနည်းစနစ်ဖြစ်သည့် တမာပိုးသတ်ဆေး အသုံးပြုရေး၊ မြေဩဇာနှင့်စိုက်ပျိုးရေးသွင်းအားစုများ မှန်မှန်ကန်ကန်သုံးစွဲရေးစသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်‌သွားမည် ဖြစ်ကြောင်း သိရသည်။

ဖူးစားပြောင်းကို အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကိုပါရောင်းချနိုင်၍ ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာမည်ဖြစ်သောကြောင့် ဖူးစားပြောင်းကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရန် ဒေသမရွေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြ၍ သိရသည်။ 

 လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )