ပခုက္ကူ မေ ၂၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှစတင်ပြီး ဆောင်ရွက်ပေးလျက်ရှိသည်။
ပခုက္ကူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူ ဖို့ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မိဘအုပ်ထိန်းသူများမှ ကျောင်းသား၊ကျောင်းသူများက ကျောင်းလာရောက်အပ်နှံခြင်းများအား သက်ဆိုင်ရာအခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ဆရာမများက လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ မေလ၂၂ရက်မှ ဇွန်လ၁ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ပြီး နိုင်ငံတော်က အခမဲ့ထောက်ပံ့သည့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံနှင့်ကျောင်းဝတ်စုံများကို ပေးအပ်လျက်ရှိကြောင်း၊ ဇွန်လ၂ရက်နေ့မှစတင်ပြီး ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။
ဘာမီသာ(ပခုက္ကူ)