သရက် မေ ၂၂
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းများစတင်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံခြင်းကို စတင်လက်ခံဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် သရက်မြို့နယ်အတွင်း အထက်တန်းကျောင်း(၉) ကျောင်း၊ အထက(ခွဲ)(၇)ကျောင်း၊ အလယ်တန်းကျောင်း(၂၀)၊ အလယ်တန်းကျောင်းခွဲ(၁၉)ကျောင်း၊ မူလွန်(၂၄)ကျောင်း၊ မူလတန်းကျောင်း(၅၉)ကျောင်း၊ မူလတန်းခွဲ(၅)ကျောင်းနှင့် ဘက(၂)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်းတို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ(၂၂)ရက်မှ ဇွန်လ(၁)ရက်နေ့အထိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)