ကံမ မေ ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ယနေ့နံနက်(၇) နာရီမှ စတင်၍ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံခြင်းကို စတင်လက်ခံဆောင်ရွက်ပေးလျက် ရှိသည်။
ကံမမြို့နယ်အတွင်း မူလတန်းကျောင်း (၉၅)ကျောင်း၊ မူလတန်းကျောင်းခွဲ (၂)ကျောင်း၊ မူလတန်းလွန်ကျောင်း(၈)ကျောင်း၊ အလယ်တန်းကျောင်း(၆)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၃)ကျောင်း၊ အထက်တန်းကျောင်း (၆)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း(၁၂၉)ကျောင်းရှိပြီး ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၂) ရက်နေ့မှ ဇွန်လ(၁) ရက်နေ့အထိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)