အောင်လံမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

အောင်လံ မေ ၂၂

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ယနေ့ နံနက် ၉ နာရီမှ စတင်၍ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

အောင်လံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေလ(၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့ထိ KG မှ Grade–12 ထိ ကျောင်းသား/ကျောင်းသူများအား အခမဲ့လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အခြေခံပညာဦးစီးဌာနမှလည်း KG မှ Grade–12 ထိ ကျောင်းသား/ကျောင်းသူများကို ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများနှင့် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများကိုလည်း ကျောင်းဝတ်စုံများ အခမဲ့ထုတ်ဝေပေးခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)